ငါနားလည် ခဲ့ပြီ
ငါ့ကိုယ်ငါ ကမ်းပါးတစ်ခုလို ဖြိုချ
ချစ်ခြင်းနဲ့ တ၀ုန်းဝုန်းစီးဆင်းလည်း
လက်တွေ့ မဆန်ခဲ့တဲ့အခါ
အဲဒီမြစ် ပင်လယ်မတွေ့တာ မဆန်းဘူး . . .
ငါနားလည်ခဲ့ပြီ
ငါ့ကိုယ်ငါ ပန်းတစ်ပွင့်လို ကြွေချ
ချစ်ခြင်းနဲ့ ရနံ့တွေ သင်းမြလည်း
သဘာဝ မဆန်ခဲ့တဲ့အခါ
အဲဒီပန်း သူမနမ်းတာ မဆန်းဘူး . . .
နောက်ဆုံး
ရင်ဘတ်ဟာ ဝေဒနာတွေ
သိုလှောင်ရာ ဂိုထောင်အဖြစ်ပဲ
အသားကျနေခဲ့ပြီ . . .
အမိကျေနပ်ပါတော့လေ...
အရောင်မလင်းတဲ့
ကြယ်တစ်စင်းအဖြစ်
ညကို ရှာမတွေ့ချင်တော့ဘူး . . .။
0 comments:
Post a Comment