Saturday, December 11, 2010

ဝေးကွာခြင်းကာလာ (၀ါ) အိပ်မက် ၂

အေးခဲလတ်ဆတ်နေတဲ့ ငါ့ ချစ်ခြင်းတွေကို

မင်းဘာနဲ့ အရည်ဖျော်မှာလဲ . . .


ညစဉ် ညဆက် မက် မက် နေတဲ့

အိပ်မက်မှာ ချော်လဲရောထိုင်ရလွန်းလို့

ငါ့အလွမ်းတွေ လေဟုန်စီးတတ်လာတယ် ... . ..


တစ်ဖက်သတ် အလွမ်းနဲ့

ချောင်ပိတ်လိုက် ပျံသန်းလိုက်နဲ့

ရက် ” လ တို့ဖြစ်တဲ့အခါ

ငါ့အလွမ်းတွေ လေဟုန်စီးတတ်လာတယ် ။ ။


ကောင်မလေးရယ် . . . . .

နေ့ ” ည တွေ အရည်ပျော်လို့

နိုးထတဲ့ မနက်တိုင်းမှာ လွမ်းတယ် ။ ။ ။

မျောပါသွားတဲ့ပုံဆောင်ခဲ(၀ါ) အိပ်မက် ၁

အေးစက် ရီဝေနေတဲ့ ဒီဇင်ဘာညတွေ

ကော်ဖီတစ်ခွက်နဲ့ ဆေးလိပ်တိုတွေသာကြီးစိုး

တောင်စဉ်ရေမရ စကားလုံးတွေကြား

စုန်းစုန်းမြုပ်နေခဲ့တာ

တစ်နေ၀င် တစ်နေထွက်နဲ့

အေးခဲစွာစီးမျော

အမှိုက်သရိုက်တွေသာရောနှောလို့

မှောင်မိုက်နေခဲ့တာ ။ ။ . . .


ချစ်သူရယ် . . ငါ့ရင်ခုန်သံတွေ မင်းမပြုစားခင်ကပေါ့

တစ်စတစ်စ နဲ့ . . .

လှိုက်ဖိုနေတဲ့ ရင်ခုန်သံ အနှေးအမြန်တောင်

ဘာသာ မသိခဲ့တဲ့ကောင်ပါ။ ။ ။


ကိုယ့် ကို ကိုယ် လှည့်ကြည့်လို့ တစ်ပတ်မပြည့်ခင်

ကသောင်းကနင်း ခုန်တဲ့ရင်နဲ့

ချစ်ခြင်းတွေဟာ မင်းနှလုံးသားရုံးတော်မှာ

အယူခံ ၀င်နေလေရဲ့ . . . ။


တစ်ကယ်တော့ . . တို့နှစ်ယောက်ဟာ

ဆန့်ကျင်ဘက် တွန်းကန်မှုတွေပေါ်မှာ

မျက်နှာချင်းဆိုင် ထိုင်မိတာလေ . . . .။ ။ ။


ချစ်ခြင်းနဲ့ နှောင်တင်းလို့ ရစ်ဖွဲ့ထားမယ်

ယုံကြည်စွာ လက်ကိုတွဲ မြဲပါရစေ ။ ။ ။..........