ည
သူ့အမှောင်နဲ့သူ
နက်လဲ့လဲ့ တောက်ပ နေတယ် ။
အလွမ်း
သူ့လောင်ကျွမ်းခြင်းနဲ့သူ
(ငါ့ကို) ညှင်းသွဲ့သွဲ့ ပြာရီနေတယ် ။
ငါ
ကိုယ့်အလွမ်းနဲ့ကိုယ်
တိုးသဲ့သဲ့ လှိုက်စားနေတယ် ။
အရက်
သူ့ ရေချိန်နဲ့သူ
တစ်စက်စက် ယစ်ထုံနေတယ် ။
ည ငါ အလွမ်း အရက်
ပေါင်းစပ်တဲ့အခါ
အရာရာေ၀၀ိုးတ၀ါးနဲ့
ချုပ်ငြိမ်း လွင့်စင်လို့
လွတ်လပ်ခြင်းက စိတ်ကိုဆောင်ယူ
မင်းခြေရင်း ၊ မင်းသတင်း
မင်းအနမ်း
မင်းမျက်လုံး ၊ မင်းအပြုံး
နောက်ဆုံး . . . .
မင်းနှုတ်ခမ်း လေးကိုင်းက
ရင်ခြွေတဲ့ စကားလုံးတွေကြားအရောက်
ရီဝေမူးနောက် ရူးမလောက်ပါပဲ ။
လွတ်မြောက်ခွင့် တစ်ရံတစ်ခါတော့
မင်းချန်ထားသင့်ပါတယ် ချစ်သူရယ် ။ ။ ။
0 comments:
Post a Comment